“သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။
သူကြီး 5:4 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။ Common Language Bible အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ စိ ရ ခင် တန်း ပေါ် က ကိုယ် တော် ကြွ လျက်၊ ဧ ဒုံ ပြည် မှ စစ် ချီ တော် မူ သော အ ခါ မြေ လှုပ် ခြင်း၊ မိုး ရွာ ခြင်း၊ တိမ် တိုက် မှ ရေ ပေါက် ကျ ခြင်း များ ဖြစ် ပါ ၏။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုးရွာသဖြင့် မိုးတိမ်တို့မှ မိုးရေသည်စီးပါ၏။ |
“သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာသွန်းစေ၍ ကိုယ်တော်၏အမွေတော်သည် အားအင်ကုန်ခန်းသောအခါ ၎င်းကို ပြန်လည်လန်းဆန်းစေတော်မူ၏။
တိမ်တိုက်တို့သည် ရေများကိုသွန်းချ၍ မိုးကောင်းကင်တို့သည် ထစ်ချုန်းသံကိုပေးကြပါ၏။ ကိုယ်တော်၏မြားတို့သည်လည်း အရပ်ရပ်သို့ရောက်ကြပါ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြေကြီးကိုတုန်လှုပ်စေ၏။ ယခုမူကား ကိုယ်တော်က “ငါသည် နောက်တစ်ဖန် မြေကြီးကိုသာမကဘဲ ကောင်းကင်ကိုပါ တုန်လှုပ်စေမည်”ဟု ကတိထားတော်မူ၏။