လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
သူကြီး 5:15 - မြန်မာ့စံမီသမ္မာကျမ်း ဣသခါအကြီးအကဲတို့သည် ဒေဗောရနှင့်အတူလိုက်ကြပြီ။ ထိုနည်းတူ ဣသခါအမျိုးသည် ဗာရက်နောက်မှလိုက်၍ လွင်ပြင်သို့ တစ်ဟုန်ထိုးချီသွားကြပြီ။ ရုဗင်အမျိုးတွင်မူကား အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။ Common Language Bible ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။ Garrad Bible ဣ သ ခါ့ နည်း တူ ဗာ ရက် ခြေ ရင်း ချိုင့် တွင်း သို့ ဣ သ ခါ မှူး မတ် တို့ သည် ဒေ ဗော ရ ဘက် ပါ၍ တစ် ဟုန် တည်း ဆင်း ကြ၏။ ရု ဗင့် အ မျိုး အ နွယ် တို့ တွင် ပြင်း စွာ ကြံ စည် ခြင်း ရှိ၏။ Judson Bible ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏လက်ရုံး ဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။ |
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊
ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။ ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။
ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။
ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။
သိုးခြံထဲမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ သိုးထိန်းတို့၏ပလွေသံကို နားထောင်လိုသောကြောင့်လော။ ရုဗင်အမျိုးထဲတွင် အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။