ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
သူကြီး 21:4 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။ Common Language Bible နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။- Garrad Bible နောက် နေ့၌ လူ မျိုး တော် သည် နံ နက် အ ချိန် ထ၍ ပူ ဇော် ရာ ပ လ္လင် ကို တည် ပြီး လျှင် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် ကြ ၏။ Judson Bible နက်ဖြန်နံနက်စောစော လူများတို့သည်ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။ |
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
“အို အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးအမျိုးအနွယ်ထဲတွင် အမျိုးတစ်မျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး အဘယ်ကြောင့်ဖြစ်ရသနည်း”ဟု လျှောက်ဆိုကြ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ဤကျောက်ပေါ်တွင် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုစနစ်တကျတည်လော့။ သင်ခုတ်လှဲခဲ့သောအာရှရနတ်ဘုရားမတံခွန်တိုင်သစ်သားဖြင့် ဒုတိယနွားထီးပျိုကို မီးရှို့ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။