အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။
သူကြီး 21:23 - မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးသားတို့လည်း ထိုသို့ ပြုကြ၏။ သူတို့၌လိုနေသောမိန်းမအရေအတွက်အတိုင်း ကပွဲလာအမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့အမွေမြေသို့ပြန်သွား၍ မြို့ရွာများကိုတည်ပြီး နေထိုင်ကြ၏။ Common Language Bible ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။- Garrad Bible ဗင်္ယာ မိန့် အ နွယ် သား တို့ လိုက် နာ၍ က သော မိန်း မ တို့ အ နက်၊ လူ ဦး ရေ အ လိုက်၊ ဖမ်း ယူ ဆောင် သွား ကြ ပြီး လျှင်၊ ပိုင် စု ရ နယ် သို့ ပြန် သွား ၍ မြို့ များ ကို တည် ထောင် လျက် နေ ထိုင် ကြ ၏။ Judson Bible ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဖို့ရာ ဖမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။ |
အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။
အစ္စရေးအမျိုးသားတို့လည်း ထိုနေရာမှ ကိုယ့်အမျိုး၊ ကိုယ့်အနွယ်အလိုက် အမွေခံရာမြေသို့ အသီးသီးပြန်သွားကြ၏။