ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
သူကြီး 21:17 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့က “အစ္စရေးအမျိုးအနွယ်ထဲမှ အမျိုးတစ်မျိုးမပျောက်ပျက်စေရန် အသက်ရှင်ကျန်ရစ်သောဗင်္ယာမိန်အမျိုးထဲတွင် အမွေခံရှိရမည်။ Common Language Bible ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။- Garrad Bible ဗင်္ယာ မိန့် အ နွယ် အား မိန်း မ ထိမ်း မြား သူ ကား အ မ ဂ လာ ခံ စေ ဟု ဣ သ ရေ လ အ မျိုး သား တို့ သ စ္စာ ဆို နှင့် ပြီး ဖြစ်၍ ဣ သ ရေ လူ မျိုး တွင် အ နွယ် တစ် နွယ် မ ကြေ မ ပျက် စေ ခြင်း ငှာ၊ ဘေး လွတ် သော ဗင်္ယာ မိန့် အ နွယ် သား တို့ သည် ပိုင် စု ရ ရန် ရှိ သင့် သော် လည်း ကိုယ့် သ မီး များ၊ ထိမ်း မြား ခြင်း ကို ငါ တို့ မ ပြု နိုင် ဟူ၍ နှီး နှော ပြီး လျှင်၊ Judson Bible ဣသရေလအမျိုးတို့တွင် တစ်မျိုးကို မပျောက်စေခြင်းငှာ သေဘေးမှလွတ်သော ဗင်္ယာမိန်လူတို့ အမွေခံစရာမြေ ရှိရမည်။ |
ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
အစ္စရေးအမျိုးသားတို့တွင် အမွေကို အမျိုးအနွယ်တစ်နွယ်မှ တစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားအသီးသီးတို့သည် မိမိဘိုးဘေးတို့အမျိုးအနွယ်၏အမွေကိုထိန်းသိမ်းရမည်။
လူထုအကြီးအကဲတို့ကလည်း “ဗင်္ယာမိန်သမီးပျိုတို့သည် သုတ်သင်ပယ်ရှင်းခြင်းထဲသို့ ပါသွားကြပြီဖြစ်၍ ကျန်ခဲ့သောဗင်္ယာမိန်အမျိုးသားတို့ အိမ်ထောင်ပြုရန် မည်သို့ကူညီရမည်နည်း”ဟု ဆို၏။
ငါတို့မူကား ‘ကိုယ့်သမီးကို ဗင်္ယာမိန်အမျိုးတို့နှင့် ပေးစားသောသူသည် ကျိန်ခြင်းခံရမည်’ဟု အစ္စရေးအမျိုးသားတို့ ကျိန်ဆိုထားပြီဖြစ်၍ ငါတို့သမီးများကို သူတို့နှင့် ပေးစား၍မရ”ဟု ဆို၏။