သူကြီး 20:44 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗင်္ယာမိန်အမျိုးသားထဲမှ ရဲစွမ်းသတ္တိရှိသူတစ်သောင်းရှစ်ထောင်ကျဆုံးလေ၏။ Common Language Bible ဗင်္ယာမိန်အမျိုးသားလက်ရွေးစင်တပ်သား တစ်သောင်းရှစ်ထောင်မျှကျဆုံးလေသည်။- Garrad Bible ဗင်္ယာ မိန့် သူ ရဲ ကောင်း တစ် သောင်း ရှစ် ထောင် ကျ ဆုံး ကြ ကုန်၏။ Judson Bible ထိုအခါ ဗင်္ယာမိန်သူရဲ တစ်သောင်းရှစ်ထောင်တို့သည် လဲ၍သေကြ၏။ |
ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။
အစ္စရေးစစ်တပ်သည် ဗင်္ယာမိန်အမျိုးသားတို့ကို ဝိုင်း၍လိုက်တိုက်ရာ ဂိဗာမြို့အရှေ့ဘက်နေထွက်ရာအရပ်တွင် အလွယ်တကူနှိမ်နင်းနိုင်ခဲ့၏။
အချို့တို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်သို့ထွက်ပြေးကြသဖြင့် အစ္စရေးတပ်ကလိုက်လံသတ်ဖြတ်ရာ လမ်းတစ်လျှောက်တွင် လူအယောက်ငါးထောင်ကို သတ်ဖြတ်၏။ ဂိဒုံမြို့အထိ ဆက်လိုက်၍ လူနှစ်ထောင်ကို သတ်ဖြတ်လေ၏။