သူကြီး 20:30 - မြန်မာ့စံမီသမ္မာကျမ်း တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ထံချီတက်ကာ ယခင်ကကဲ့သို့ပင် ဂိဗာမြို့နားတွင် နေရာယူကြပြန်သောအခါ Common Language Bible ထိုနောက်သူတို့သည်ဗင်္ယာမိန်တပ်ရှိရာသို့ တတိယအကြိမ်ချီတက်ကာ မိမိတို့၏တပ် သားများကိုရှေ့ကနည်းတူဂိဗာမြို့ကိုမျက် နှာမူ၍တိုက်ပွဲဝင်ရန်နေရာယူစေကြ၏။- Garrad Bible တ တိ ယ နေ့ တွင် ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ မိန့် အ နွယ် သား တို့ ကို စစ် တိုက် ရန် ချီ တက်၍ ယ မန် ကဲ့ သို့ ဂိ ဗာ မြို့ ရှေ့ တွင် စစ် ခင်း ကြ သည့် ကာ လ Judson Bible တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်းလျက် နေကြ၏။ |
ဗင်္ယာမိန်အမျိုးသားတို့ကလည်း ထွက်တိုက်ရာ မြို့နှင့်ဝေးရာသို့ ရောက်လာကြ၏။ သူတို့သည် အစ္စရေးလူမျိုးတို့ကို ယခင်ကကဲ့သို့ပင် ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာမြို့သို့သွားသောလမ်းတို့တွင် စတင်တိုက်ခိုက်ပြီး လူအယောက်သုံးဆယ်ခန့်ကို ကွင်းပြင်တွင် သတ်လေ၏။