ထိုသို့ အမွေမြေကို နယ်နိမိတ်နှင့်တကွ ခွဲဝေပြီးသောအခါ အစ္စရေးအမျိုးသားတို့သည် နုန်၏သားယောရှုကို အမွေမြေပေးကြ၏။
သူကြီး 2:9 - မြန်မာ့စံမီသမ္မာကျမ်း ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ Common Language Bible သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။- Garrad Bible ဧ ဖ ရိမ် ခင် တန်း၊ ဂါ ရှ ကုန်း မြောက် ဘက်၊ ကိုယ် ပိုင် တိ မ နတ် ဟေ ရက် မြို့ နယ် တွင် စျာ ပ န ပြု ကုန် ၏။ Judson Bible ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။ |
ထိုသို့ အမွေမြေကို နယ်နိမိတ်နှင့်တကွ ခွဲဝေပြီးသောအခါ အစ္စရေးအမျိုးသားတို့သည် နုန်၏သားယောရှုကို အမွေမြေပေးကြ၏။
ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း သူတို့သည် နုန်၏သားယောရှု တောင်းဆိုသော ဧဖရိမ်တောင်ပေါ်ဒေသရှိ တိမနသေရမြို့ကို သူ့အားပေးလေ၏။ သူသည်လည်း မြို့ကိုတည်၍ နေထိုင်လေ၏။
ထို့နောက်မှ ထာဝရဘုရား၏အစေအပါး နုန်၏သားယောရှုသည် အသက်တစ်ရာ့တစ်ဆယ်တွင် သေဆုံးလေ၏။
ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်