အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 2:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​သ​ကဲ့​သို့ သူ​တို့​သည်​စောင့်​ရှောက်​မည်​လော၊ မ​စောင့်​ရှောက်​လော​ဟု ကျန်​သေး​သော​လူ​မျိုး​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​စုံ​စမ်း​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

အခန်းကိုကြည့်ပါ။



သူ​ကြီး 2:22
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် ဘုရားသခင်​သည် အာဗြဟံ​ကို​စမ်းသပ်​တော်မူ​၏​။ ကိုယ်တော်​က “​အာဗြဟံ​”​ဟု ခေါ်​တော်မူ​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။


သို့သော် တိုင်းပြည်​တွင်​ဖြစ်ပျက်​ခဲ့​သော​အံ့ဖွယ်အမှု​တို့​ကို သိ​လို​၍ ဘေဘီလုံ​မှူးမတ်​တို့​သည် သူ့​ထံသို့ သံတမန်​ကို​စေလွှတ်​၍​မေးမြန်း​စေ​သောအခါ ဘုရားသခင်​သည် ဟေဇကိ​မင်းကြီး​၏​စိတ်​ထဲ​ရှိသမျှ​ကို​သိ​လို​၍ သူ့​ကို​စမ်းသပ်​သည့်​အနေဖြင့် လွှတ်​ထား​လိုက်​လေ​၏​။


သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။


အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို စစ်ဆေး​တော်မူ​ပြီ​။ ငွေ​ကို​သန့်စင်​စေ​သကဲ့သို့ အကျွန်ုပ်​တို့​ကို​သန့်စင်​စေ​တော်မူ​ပြီ​။


မောရှေ​သည်​လည်း ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ရာ ထာဝရဘုရား​သည် သူ့​အား သစ်တုံး​တစ်​တုံး​ကို ညွှန်ပြ​၏​။ သူ​သည် ထို​သစ်တုံး​ကို​ရေ​ထဲသို့ ပစ်ချ​လိုက်​သော် ရေ​သည်​ချို​လေ​၏​။ ထာဝရဘုရား​သည် ထို​အရပ်​၌ သူ​တို့​အတွက် ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စီရင်​တော်မူ​၏​။ ထို​အရပ်​၌ သူ​တို့​ကို စမ်းသပ်​တော်မူ​၏​။


ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​တတ်​၏​။ စိတ်နှလုံး​ကို​ကား ထာဝရဘုရား​စစ်ဆေး​တော်မူ​၏​။


ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ သူ​၏​စကား​တို့​ကို နား​မ​ထောင်​နှင့်​။ အကြောင်းမှာ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​သည်​၊ မ​ချစ်​သည်​ကို​သိရှိ​တော်မူ​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို စမ်းသပ်​တော်မူ​၏​။


သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္နမုန့်​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။


ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။


ဤသို့ဖြင့် ထာဝရဘုရား​သည် ဤ​လူမျိုးခြား​တို့​ကို ယောရှု​လက်​သို့ မ​အပ်​၊ ချက်ချင်း​မ​နှင်ထုတ်​ဘဲ နေ​လေ​၏​။