လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
သူကြီး 19:8 - မြန်မာ့စံမီသမ္မာကျမ်း ငါးရက်မြောက်သောနေ့တွင် သူသည် နံနက်စောစောထ၍ ပြန်သွားရန်ပြင်ဆင်သောအခါ မယားငယ်၏ဖခင်က “စားပြီးမှသွားပါ”ဟု ဆိုပြန်သဖြင့် သူတို့နှစ်ဦး မွန်းလွဲအထိ စားသောက်လျက်နေပြန်၏။ Common Language Bible ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။ Garrad Bible ငါး ရက် မြောက် သော နံ နက် အ ချိန် သွား ခြင်း ငှါ ထ သော အ ခါ ယော က္မ က၊ မွန်း လွဲ သည့် တိုင် အောင် အား ရ စွာ နေ ပါ ဦး ဟု ဆို သည့် အ တိုင်း နှစ် ယောက် လုံး စား သောက် နေ ကြ ပြီး လျှင်၊ Judson Bible ပဥ္စမနေ့ရက် နံနက်စောစောသွားအံ့သောငှာ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟုဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။ |
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
လေးရက်မြောက်သောနေ့တွင် သူတို့သည် နံနက်စောစောထ၍ပြန်သွားရန် ပြင်ဆင်၏။ သို့သော် မယားငယ်၏ဖခင်က “အားရှိအောင် နည်းနည်းစားသောက်ပြီးမှ သွားပါ”ဟု သမက်အား ဆိုသဖြင့်
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။