“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
သူကြီး 19:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအဖိုးအိုသည် လှမ်းကြည့်၍ မြို့အလယ်လမ်းဆုံလမ်းခွ၌ ခရီးသွားဧည့်သည်ကိုမြင်လျှင် အဖိုးအိုက “မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်နည်း”ဟု မေးလေ၏။ Common Language Bible အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။ Garrad Bible လမ်း ဆုံ တွင် ခ ရီး သည် တစ် ယောက် ထိုင် နေ သည် ကို မျှော် ကြည့် သိ မြင် လျှင် ဘယ် ကို သွား၍ ဘယ် က လာ သ နည်း ဟု မေး သော် Judson Bible မျှော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တစ်ယောက်ရှိသည်ကို မြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်က လာသနည်းဟု မေးသော်၊ |
“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင်
တစ်နေ့တွင် ချမ်းသာသောသူထံသို့ ခရီးသွားဧည့်သည်တစ်ဦးရောက်လာ၏။ သူ့ထံရောက်လာသောဧည့်သည်ကို သူ၏သိုးအုပ်၊ နွားအုပ်ထဲမှ သိုးနွားကိုယူ၍ ချက်ကျွေးရမည်ကို နှမြောသဖြင့် ဆင်းရဲသောသူ၏သိုးသငယ်မလေးကို ယူပြီးလျှင် သူ့ထံရောက်လာသောဧည့်သည်ကို ချက်ကျွေး၏”ဟု ပြောပြလေ၏။
လမ်းမပေါ်တွင် လူသူကင်းမဲ့၏။ လမ်းပေါ်တွင် လူသွားလူလာမရှိ။ ပဋိညာဉ်ကို ချိုးဖောက်လေပြီ။ မြို့များကိုပမာဏမပြု။ လူကိုအလေးမထား။
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
ကြည့်ရှုလော့။ နေဝင်ချိန်တွင် အဖိုးအိုတစ်ဦးသည် လယ်လုပ်ရာမှပြန်လာ၏။ သူသည် ဧဖရိမ်တောင်ပေါ်သားဖြစ်၍ ဂိဗာမြို့တွင် တည်းခိုနေထိုင်ခြင်းဖြစ်၏။ ဂိဗာမြို့သားတို့မှာ ဗင်္ယာမိန်အမျိုးသားများ ဖြစ်ကြ၏။
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။