မာနော်ကလည်း “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သူငယ်သည် မည်သို့ပြုမူနေထိုင်ရမည်နည်း၊ မည်သည့်အလုပ်ကို လုပ်ရမည်နည်း”ဟု မေးလျှောက်၏။
မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
မာ နော် က၊ အ ရှင့် စ ကား အ တိုင်း တည် ပါ လျှင် သူ ငယ့် အ လေ့ အ လာ အ ကျင့် အ ကြံ ကား၊ မည် သို့ ဖြစ် ပါ မည် နည်း ဟု မေး သော်၊
မာနော်ကလည်း၊ ကိုယ်တော်၏စကား ပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟုမေးသော်၊
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
ကလေးသူငယ်ကိုသွန်သင်၍ သူသွားရမည့်လမ်းသို့ဦးတည့်ပေးလော့။ သို့ပြုလျှင် သူသည်အသက်ကြီးသောအခါ ထိုလမ်းမှမဖယ်ခွာဘဲနေလိမ့်မည်။
ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ “ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။ ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
မာနော်သည်လည်း ထ၍ မိမိမယားနောက်သို့ လိုက်သွား၏။ ထိုသူ့ထံရောက်သောအခါ “သင်သည် အကျွန်ုပ်မယားနှင့် စကားပြောခဲ့သောသူလော”ဟု မေးရာ ထိုသူက “ဟုတ်ပါ၏”ဟု ပြန်ဖြေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “ငါမှာထားသောစကားအားလုံးကို သင်၏မယား လိုက်နာရမည်။