ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
သူကြီး 10:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား၍ ဖိ လိ တ္တိ နှင့် အ မ္မုန် အ မျိုး သား တို့ လက် တွင်း သို့ ရောင်း ချ တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌လည်းကောင်း၊ အမ္မုန်အမျိုးသားတို့၌လည်းကောင်း၊ ရောင်းတော်မူသဖြင့်၊ |
ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ထာဝရဘုရားသည် သဝန်တိုသောဘုရား၊ လက်တုံ့ပြန်သောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်တုံ့ပြန်၏။ အမျက်တော်လည်း ပြင်းထန်၏။ ထာဝရဘုရားသည် ရန်သူတို့ကို လက်တုံ့ပြန်၏။ ရန်သူတို့အတွက် အမျက်တော်သိုထားတော်မူ၏။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။