ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
သူကြီး 10:5 - မြန်မာ့စံမီသမ္မာကျမ်း ယာဣရသေဆုံး၍ ကာမုန်မြို့၌ သူ့ကို သင်္ဂြိုဟ်၏။ Common Language Bible ယာဣရကွယ်လွန်သောအခါသူ၏ရုပ် အလောင်းကိုကာမုန်မြို့၌သင်္ဂြိုဟ်ကြလေ သည်။ Garrad Bible ယာ ဣ ရ ကွယ် လွန် သော် ကာ မုန် မြို့ တွင် သင်္ဂြိုဟ် ခြင်း ခံ လေ၏။ Judson Bible ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။ |
ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။
ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။