ထိုမှ ဂိလဒ်ပြည်၊ တက်တိမ်ဟောရှိပြည်တို့သို့ သွားပြီး ဒန်ယန်ပြည်နှင့် ဆီဒုန်ပြည်ဘက်သို့ ပတ်သွားကြ၏။
သူကြီး 1:31 - မြန်မာ့စံမီသမ္မာကျမ်း အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။ Common Language Bible အာရှာအနွယ်ဝင်တို့သည်အက္ခောမြို့၊ ဇိဒုန်မြို့၊ အာလပ်မြို့၊ အာခဇိပ်မြို့၊ ဟေလဗမြို့၊ အာဖိတ် မြို့၊ ရဟောဘမြို့တို့တွင်နေထိုင်သူတို့အား နှင်မထုတ်ခဲ့ကြချေ။- Garrad Bible ထို နည်း တူ အာ ရှာ့ အ နွယ် သည် အ က္ခော၊ ဇိ ဒုန်၊ အာ လပ်၊ အာ ခ ဇိပ်၊ ဟေ လ ဗ၊ အာ ဖိတ်၊ ရ ဟော ဘ မြို့ သူ မြို့ သား တို့ ကို မ နှင် ထုတ် ဘဲ Judson Bible ထိုအတူအာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ |
ထိုမှ ဂိလဒ်ပြည်၊ တက်တိမ်ဟောရှိပြည်တို့သို့ သွားပြီး ဒန်ယန်ပြည်နှင့် ဆီဒုန်ပြည်ဘက်သို့ ပတ်သွားကြ၏။
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
ဇာဗုလုန်အမျိုးအနွယ်သည်လည်း ကိတရုန်မြို့သား၊ နဟာလောလမြို့သား တို့ကို မနှင်ထုတ်သောကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူနေထိုင်၍ အခွန်ဆက်သကြ၏။
ထိုသို့ အာရှာအမျိုးသားတို့သည် ထိုပြည်သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ သူတို့နှင့်အတူနေထိုင်လေ၏။