သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
သူကြီး 1:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။ Common Language Bible ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊- Garrad Bible ဆွေ မျိုး သား ချင်း ရှိ မောင့် အ နွယ် အား ယု ဒ အ နွယ် က ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် ကျွန် တော် တို့ ပိုင် စု နယ် သို့ လိုက် ခဲ့ ပါ။ ကျွန် တော် တို့ လည်း သင် တို့ ပိုင် စု နယ် သို့ လိုက် ပါ မည် ဟု ဆို သည့် အ တိုင်း ရှိ မောင့် အ နွယ် လိုက် ပါ လေ ၏။ Judson Bible ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကိုတိုက်ခြင်းငှာ ငါ့အမွေမြေသို့ ငါနှင့်အတူလိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည်လိုက်သွားလေ၏။ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
ထို့ပြင် ယွာဘက “ဆီးရီးယားလူမျိုးတို့ဘက်က အရေးသာနေလျှင် ငါ့ကိုလာကူပါ။ အမ္မုန်အမျိုးသားတို့ဘက်က အရေးသာနေလျှင် သင့်ကို ငါလာကူမည်။
ဒုတိယအကြိမ်မဲချရာတွင် ရှိမောင်အမျိုးအနွယ်သည် မဲကျ၏။ သူတို့သည် မျိုးနွယ်စုအလိုက် ယုဒအမျိုးသားတို့၏အမွေမြေထဲတွင် အမွေမြေရရှိ၏။
ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
တစ်ဖန် ယုဒအမျိုးတို့သည် မိမိတို့အစ်ကိုရှိမောင်အမျိုးတို့နှင့်အတူ ဇေဖတ်မြို့သား ခါနာန်လူမျိုးတို့ကို သွားရောက်တိုက်ခိုက်ကာ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ပြီးလျှင် ထိုမြို့ကို ဟောမာမြို့ဟု ခေါ်လေ၏။
ထာဝရဘုရားက “ယုဒအမျိုး ချီတက်ရမည်။ ကြည့်ရှုလော့။ ဤပြည်ကို သူတို့လက်သို့ ငါအပ်ပြီ”ဟု မိန့်တော်မူ၏။
ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။