ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
သုတ္တံကျမ်း။ 8:4 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။ ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။ Common Language Bible အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။ Garrad Bible ကြွေး ကြော် သည် မှာ၊ အ ချင်း လူ မြတ် တို့၊ သင် တို့ အား ငါ ခေါ်၏။ လူ ယုတ် တို့ အား လည်း၊ ငါ မြွက် ဆို ၏။ Judson Bible အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကိုငါလွှင့်၏။ |
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။