ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။
သုတ္တံကျမ်း။ 8:19 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။ Common Language Bible ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။ Garrad Bible ငါ ပေး သော အ ကျိုး သည်၊ ရွှေ ထက် လည်း ကောင်း၊ ရွှေ စင် ထက် လည်း ကောင်း၊ မွန် မြတ်၏။ ငါ့ ကြောင့် ရ သော ဘ ဏ္ဍာ လည်း၊ ချွတ် ပြီး သော ငွေ ထက် မွန် မြတ် ၏။ Judson Bible ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။ |
ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။
အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။
ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်နှလုံးမူကား တန်ဖိုးနည်းလှ၏။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။
ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။ ရွှေစင်အစား အသိပညာကို ရယူကြလော့။
အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။