ဒါဝိဒ်မင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် ထိုမိန်းမရောက်လာလျှင် ဒါဝိဒ်မင်းကြီးသည် သူနှင့်အိပ်လေ၏။ (ဗာသရှေဘသည် မစင်ကြယ်ခြင်းမှ သန့်စင်ပြီးချိန်ဖြစ်၏။) ထို့နောက် သူသည် အိမ်သို့ ပြန်သွား၏။
သုတ္တံကျမ်း။ 30:20 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်ရေးဖောက်ပြန်သော မိန်းမ၏လမ်းသည်လည်း ထိုနည်းတူဖြစ်၏။ သူသည် စားသောက်ပြီးမှ မိမိ၏ပါးစပ်ကိုသုတ်ပြီး “မည်သည့်အပြစ်ဒုစရိုက်ကိုမျှ ငါမပြု”ဟု ဆိုတတ်၏။ Common Language Bible မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။ Garrad Bible ထို သို့ ပင်၊ မျောက် မ ထား သော မိန်း မ၏ လမ်း ဖြစ်၏။ သူ သည် စား ပြီး မှ ခံ တွင်း ကို စင် စေ၍၊ ဒု စ ရိုက် ကို မ ပြု မိ ပါ ဟု ဆို တတ်၏။ Judson Bible မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သုတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။ |
ဒါဝိဒ်မင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် ထိုမိန်းမရောက်လာလျှင် ဒါဝိဒ်မင်းကြီးသည် သူနှင့်အိပ်လေ၏။ (ဗာသရှေဘသည် မစင်ကြယ်ခြင်းမှ သန့်စင်ပြီးချိန်ဖြစ်၏။) ထို့နောက် သူသည် အိမ်သို့ ပြန်သွား၏။
မြေကြီးလှုပ်ခတ်ရသောအကြောင်းခြင်းရာသုံးပါးမက မြေကြီးမခံနိုင်သောအကြောင်းခြင်းရာလေးပါးမှာ
သူသည် အသက်ရှင်ခြင်းလမ်းကို ချင့်ချိန်သုံးသပ်ခြင်းမရှိ။ သူ၏လမ်းတို့သည် ဦးတည်ရာမဲ့ဖြစ်နေသည်ကို သူမသိ။
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။