သုတ္တံကျမ်း။ 24:33 - မြန်မာ့စံမီသမ္မာကျမ်း ခဏအိပ်လျက်၊ ခဏငိုက်လျက်၊ ခဏလက်ပိုက်အနားယူလျက်နေစဉ် Common Language Bible ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊ Garrad Bible ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊ Judson Bible ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊ |
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
အအိပ်မမက်နှင့်။ အအိပ်မက်လျှင် ဆင်းရဲသွားလိမ့်မည်။ သင်၏မျက်စိကို ဖွင့်ထားလော့။ သို့ပြုလျှင် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
တံခါးရွက်သည် ပတ္တာတွင်လည်သကဲ့သို့ ပျင်းရိသောသူသည် မိမိ၏အိပ်ရာပေါ်တွင် လူးလိမ့်တတ်၏။
သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။