ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
သုတ္တံကျမ်း။ 22:20 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အကြံပြုချက်နှင့်အသိပညာဆိုင်ရာ စကားအခွန်းသုံးဆယ်ကို သင့်အတွက် ရေးထားပြီမဟုတ်လော။ Common Language Bible သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။ Garrad Bible သ စ္စာ စ ကား ကို သေ ချာ စွာ သိ ကျွမ်း လျက်၊ သင့် ကို လွှတ် လိုက် သော သူ တို့ အား၊ ၎င်း စ ကား မျိုး ကို ပြန် ကြား ခွင့် ရ ရှိ စေ ရန်၊ အ သိ ပ ညာ နှင့် အ ကြံ အ စည် အ ကြောင်း ကို၊ ယ မန် က ရေး လိုက် ပြီ မ ဟုတ် လော။ Judson Bible သင်သည် သမ္မာတရားစကားစစ်ကို သိမည်အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာစကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသောအရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။ |
ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။
ဒေသနာဆရာသည် နှစ်သက်ဖွယ်စကားတို့ကိုတွေ့အောင်ရှာ၍ သမ္မာတရားနှင့်ဆိုင်သောစကားတို့ကို မှန်ကန်စွာရေးသားခဲ့၏။
ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။