အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ကင်းချပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်ကြပ်တော်မူပါ။
သုတ္တံကျမ်း။ 21:23 - မြန်မာ့စံမီသမ္မာကျမ်း မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။ Common Language Bible မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။ Garrad Bible နှုတ် လျှာ ကို စောင့် စည်း သော သူ သည်၊ ကိုယ့် အ သက် ကို ဒု က္ခ မှ ကွယ် ကာ စောင့် ရှောက် ရာ ရောက်၏။ Judson Bible မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ကင်းချပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်ကြပ်တော်မူပါ။
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။