ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
သုတ္တံကျမ်း။ 21:15 - မြန်မာ့စံမီသမ္မာကျမ်း တရားသောအမှုကိုပြုခြင်းသည် ဖြောင့်မတ်သောသူတို့အတွက် ဝမ်းမြောက်ခြင်းဖြစ်၍ အပြစ်ဒုစရိုက်ပြုသောသူတို့အတွက် ထိတ်လန့်ခြင်းဖြစ်၏။ Common Language Bible ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ Garrad Bible တ ရား စီ ရင် ဆုံး ဖြတ် ခြင်း သည်၊ ဖြောင့် မတ် သော သူ့ အား ရွှင် လန်း ရာ၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ အား ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။ Judson Bible ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ |
ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
ကိုယ်တော်၏တရားတော်သည် အကျွန်ုပ်မွေ့လျော်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဖိစီးနှိပ်စက်မှုခံရစဉ်တွင် ပျက်စီးခဲ့ပေလိမ့်မည်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
ထာဝရဘုရား၏လမ်းတော်သည် တည်ကြည်သောသူအတွက် မှီခိုရာဖြစ်၏။ အပြစ်ဒုစရိုက်ကိုပြုကျင့်သောသူတို့အတွက်မူကား ပျက်စီးခြင်းအကြောင်းဖြစ်၏။
ဖြောင့်မတ်တော်မူသောအရှင်သည် ဆိုးယုတ်သောသူ၏အိမ်ကိုမှတ်၍ ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းထဲသို့ ပစ်ချတော်မူ၏။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
လူတို့သည် အသက်ရှင်စဉ်တွင် ဝမ်းမြောက်လျက်၊ ကောင်းသောအမှုကိုပြုလျက်နေခြင်းမှတစ်ပါး သူတို့အတွက် အခြားကောင်းသောအရာမရှိကြောင်း ငါသိ၏။
ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။
ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း