သူသွားရာလမ်းတွင် ရေများဖွေးဖွေးလှုပ်ကျန်ခဲ့ပြီး ရေထုကြီးမှာ ဆံပင်ဖြူနေသယောင်ပင် ထင်ရ၏။
သုတ္တံကျမ်း။ 20:29 - မြန်မာ့စံမီသမ္မာကျမ်း လူပျိုတို့၏ဂုဏ်ကျက်သရေသည် သူတို့၏ခွန်အားဖြစ်၏။ အသက်ကြီးသောသူတို့၏ခန့်ညားထည်ဝါမှုကား ဖြူသောဆံပင်ဖြစ်၏။ Common Language Bible လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ်၏။ Garrad Bible လူ ပျို တို့၏ ဘုန်း ကား၊ အ စွမ်း သ တ္တိ၊ လူ အို တို့၏ ဂုဏ် ကား၊ ဆံ ဖြူ တည်း။ Judson Bible လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏။ |
သူသွားရာလမ်းတွင် ရေများဖွေးဖွေးလှုပ်ကျန်ခဲ့ပြီး ရေထုကြီးမှာ ဆံပင်ဖြူနေသယောင်ပင် ထင်ရ၏။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊ ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။