ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
သုတ္တံကျမ်း။ 2:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် မိမိပျိုရွယ်စဉ်ကတည်းက ပေါင်းဖော်ခဲ့သောသူကိုစွန့်ပစ်၍ မိမိဘုရားသခင်၏ပဋိညာဉ်ကို မေ့လျော့သူဖြစ်၏။ Common Language Bible အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။ Judson Bible အသက်ငယ်စဉ် ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကိုမေ့လျော့သော မိန်းမလက်မှလည်းကောင်း၊ သင့်ကိုကယ်တင်လိမ့်မည်။ |
ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
သင်၏စမ်းရေတွင်းသည် မင်္ဂလာရှိပါစေ။ သင်ပျိုရွယ်စဉ်ကတည်းကပေါင်းဖက်ခဲ့သောမယား၌ ဝမ်းမြောက်ပါစေ။
ယခုပင်သင်က “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေဖြစ်ပါ၏။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။