ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
သုတ္တံကျမ်း။ 19:4 - မြန်မာ့စံမီသမ္မာကျမ်း စည်းစိမ်ဥစ္စာသည် အပေါင်းအသင်းများစွာတိုးပွားစေတတ်၏။ ဆင်းရဲသောသူမူကား သူ့မိတ်ဆွေ၏စွန့်ခွာခြင်းကိုခံရတတ်၏။ Common Language Bible စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။ Garrad Bible စည်း စိမ် ရှိ လျှင်၊ အ ဆွေ ပေါ များ လိမ့် မည်။ နွမ်း ပါး သူ မူ ကား၊ အ ဆွေ နှင့် ကွာ ဝေး ရ၏။ Judson Bible စည်းစိမ်ရှိလျှင် အဆွေခင်ပွန်း များတတ်၏။ ဆင်းရဲသောသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်းဖော်ရ။ |
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။ ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။