မဲချခြင်းသည် ငြင်းခုံရန်တွေ့ခြင်းကိုအဆုံးသတ်စေ၍ အင်အားကြီးသောသူတို့အကြား ဖျန်ဖြေပေးတတ်၏။
စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
စာ ရေး တံ ချ သ ဖြင့် ရန် ကို ငြိမ်း စေ၍၊ အ ကြီး အ ကဲ တို့၏ ရန် ကို လည်း ဖျန် ဖြေ တတ် ၏။
စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသောသူတို့အမှုကို ဆုံးဖြတ်တတ်၏။
သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
မေရာရိအမျိုး၏မျိုးနွယ်စုအလိုက် မေရာရိသားမြေးတို့အဖို့ မဲချရာ ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရကြ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍ ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။ ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။
မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးအနွယ် ကိုးနွယ်နှင့်တစ်ဝက်တို့အား အမွေမြေကို မဲချခွဲဝေပေး၏။
ထို့နောက် ရှောလုမင်းကြီးက အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ “အမှန်ကိုသိစေတော်မူပါ”ဟု ဆုတောင်းပြီး မဲချရာ ရှောလုနှင့်ယောနသန်၌မဲကျသဖြင့် အခြားသောသူတို့ လွတ်သွားကြ၏။
ရှောလုမင်းကြီးက “ငါနှင့်ငါ့သားယောနသန်ကို မဲချပေးလော့”ဟု ဆိုသဖြင့် မဲချသောအခါ ယောနသန်၌ မဲကျလေ၏။