အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
သုတ္တံကျမ်း။ 16:6 - မြန်မာ့စံမီသမ္မာကျမ်း မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။ Common Language Bible ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ Garrad Bible သ စ္စာ နှင့် မေ တ္တာ ကျေး ဇူး အား ဖြင့် ဒု စ ရိုက် အ ပြစ် ပြေ လွှတ် ရ၏။ ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း အား ဖြင့် လည်း၊ ဆိုး သွမ်း ခြင်း ကို လွှဲ ရှောင် လိမ့် မည်။ Judson Bible ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ |
အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
မေတ္တာကရုဏာနှင့် သမ္မာတရားသည် တွေ့ဆုံကြပြီ။ ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အချင်းချင်းနမ်းကြပြီ။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
ဘဝင်မြင့်သောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် မည်သို့မျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
အို အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်နှင့် အကျွန်ုပ်၏အရှင်မင်းကြီးအပေါ် ကျရောက်လာမည့် အမြင့်ဆုံးသောအရှင်၏အမိန့်တော်ကား ဤသို့ ဖြစ်၏။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
အချင်းချင်း နိုင်ထက်စီးနင်းမပြုရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။
ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။
ဘုရားသခင်သည် သူတို့နှင့်ငါတို့ကို လုံးဝခွဲခြားတော်မမူဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေတော်မူ၏။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည် ပင်လယ်တစ်ဖက်သို့ကူးပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ပင်လယ်တစ်ဖက်ကမ်း၌ ရှိသည်မဟုတ်။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။