အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 16:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖြောင့်မှန်​သော​သူ​တို့​၏​လမ်း​သည် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​ဖြစ်​၏​။ မိမိ​သွား​ရာ​လမ်း​ကို ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဖြောင့် သူ တို့ လိုက် သော လမ်း မ သည်၊ ဆိုး သွမ်း ရာ ကို လွှဲ ရှောင် ခြင်း တည်း။ ကိုယ် အ လေ့ အ လာ ကို စောင့် ထိန်း သော သူ သည်၊ အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 16:17
16 ပူးပေါင်းရင်းမြစ်များ  

ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။ မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။


ပညတ်တော်​ကို​စောင့်ထိန်း​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​ကို မထီမဲ့မြင်ပြု​သော​သူ​မူကား သေ​ရ​လိမ့်မည်​။


မိမိ​နှုတ်​နှင့် လျှာ​ကို စောင့်ထိန်း​သော​သူ​သည် မိမိ​အသက်​ကို ဆင်းရဲဒုက္ခ​မှ စောင့်ထိန်း​သော​သူ​ဖြစ်​၏​။


ကောက်ကျစ်​သော​သူ​၏​လမ်း​၌ ဆူးပင်​များ​နှင့် ကျော့ကွင်း​များ​ရှိ​ကြ​၏​။ မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​သည် ထို​အရာ​တို့​ကို ဝေးဝေးရှောင်​တတ်​၏​။


သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။


ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။


သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


မည်သည့်​လူမျိုး​မဆို ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဖြောင့်မတ်​စွာ​ပြုကျင့်​လျှင် နှစ်သက်​လက်ခံ​တော်မူ​ကြောင်း ငါ​အမှန်​ပင်​သဘောပေါက်​ပြီ။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


သို့သော် ငါ​တို့​သည် တွန့်ဆုတ်​လျက် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​လျက် အသက်​ကို​ပိုင်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။


ဘုရားသခင်​၏​မေတ္တာ​တော်​၌ မိမိကိုယ်ကို​စောင့်ထိန်း​၍ ထာဝရ​အသက်​သို့​ပို့ဆောင်​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကရုဏာ​တော်​ကို စောင့်မျှော်​ကြ​လော့။


သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော


သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။