အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
သုတ္တံကျမ်း။ 15:4 - မြန်မာ့စံမီသမ္မာကျမ်း ညင်သာသောလျှာသည် အသက်ပင်သဖွယ်ဖြစ်၏။ ကောက်ကျစ်စဉ်းလဲသောလျှာမူကား စိတ်ကိုကြေကွဲစေတတ်၏။ Common Language Bible ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။ Garrad Bible ချို သာ သော လျှာ သည်၊ အ သက် ပင် သ ဖွယ် ဖြစ်၏။ စဉ်း လဲ သော လျှာ မူ ကား၊ စိတ် ကို ကြေ ကွဲ စေ တတ်၏။ Judson Bible ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။ |
အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
ဆိုးမိုက်သောသူသည် မိမိဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို မထီလေးစားပြုတတ်၏။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား နှိုင်းချင့်မျှော်ခေါ်တတ်၏။
နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့ စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
လူ၏စိတ်သည် သူ၏ရောဂါဝေဒနာကို ခံရပ်နိုင်၏။ သို့သော် စိတ်ထိခိုက်နာကျင်ခြင်းကိုကား မည်သူခံနိုင်မည်နည်း။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ ဆင်းသွားတတ်၏။
ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။ ၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင်
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။