ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းအပေါင်းတို့သည် ဘုရင့်အမိန့်တော်အတိုင်း ဟာမန်ကိုညွတ်တွားခယကြ၏။ သို့သော် မော်ဒကဲသည် ဟာမန်ကိုမညွတ်တွား မခယပေ။
သုတ္တံကျမ်း။ 14:20 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။ ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။ Common Language Bible ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။ Garrad Bible သူ ဆင်း ရဲ သည်၊ အ ပေါင်း အ ဖော်၏ မုန်း ထား ခြင်း ကို ခံ ရ၏။ သူ ကြွယ်၌ မူ ကား၊ ချစ် ခင် သူ များ စွာ ရှိ လိမ့် မည်။ Judson Bible ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ |
ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းအပေါင်းတို့သည် ဘုရင့်အမိန့်တော်အတိုင်း ဟာမန်ကိုညွတ်တွားခယကြ၏။ သို့သော် မော်ဒကဲသည် ဟာမန်ကိုမညွတ်တွား မခယပေ။
သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။
စည်းစိမ်ဥစ္စာသည် အပေါင်းအသင်းများစွာတိုးပွားစေတတ်၏။ ဆင်းရဲသောသူမူကား သူ့မိတ်ဆွေ၏စွန့်ခွာခြင်းကိုခံရတတ်၏။