စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။ ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။
သုတ္တံကျမ်း။ 14:18 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။ ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။ Common Language Bible ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ Garrad Bible မ လိ မ္မာ သူ တို့ သည်၊ မိုက် ခြင်း သ ဘော ကို ပိုင်၏။ လိ မ္မာ သူ တို့ မူ ကား၊ အ သိ ပ ညာ ကို သ ရ ဖူ သ ဖွယ် ဆင် ယင် တတ် ၏။ Judson Bible ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ |
စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။ ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။
မကောင်းမှုပြုသောသူတို့သည် သူတော်ကောင်းတို့၏ရှေ့၌လည်းကောင်း၊ ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူ၏ တံခါးဝ၌လည်းကောင်း ဦးညွှတ်ကြရ၏။
ပညာရှိသောသူတို့သည် ဂုဏ်သရေကို အမွေဆက်ခံရကြလိမ့်မည်။ မိုက်မဲသောသူတို့မူကား အရှက်ကွဲကြရလိမ့်မည်။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။