ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
သုတ္တံကျမ်း။ 1:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။ Common Language Bible ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊ Judson Bible ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတစ်ခွန်းကို နားမခံဘဲနေသောကြောင့်လည်းကောင်း၊ |
ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
အကြောင်းမူကား သူတို့သည် ဘုရားသခင်၏စကားတော်တို့ကို ဖီဆန်၍ အမြင့်ဆုံးသောအရှင်၏အကြံဉာဏ်ကို မထီလေးစားပြုကြ၏။
သို့သော် ငါ့လူမျိုးတော်သည် ငါ့အသံကိုနားမထောင်ခဲ့ပေ။ အစ္စရေးလူမျိုးသည် ငါ့ကိုမနာခံခဲ့ပေ။
ငါ၏အကြံဉာဏ်ကိုအလိုမရှိကြ။ ငါ၏ဆိုဆုံးမစကားအားလုံးကိုလည်း မထီလေးစားပြုခဲ့ကြ၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
လမ်းမှန်ကိုစွန့်ပယ်သောသူအတွက် ပြင်းထန်သောဆုံးမပဲ့ပြင်ခြင်းရှိ၏။ ဆိုဆုံးမစကားကိုမုန်းသောသူသည် သေရလိမ့်မည်။
“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
သင်တို့သည် ပြန်လာ၍ ထာဝရဘုရားရှေ့မှောက်၌ ငိုကြွေးကြသော်လည်း ထာဝရဘုရားသည် သင်တို့၏အသံကိုနားညောင်းတော်မမူ။ သင်တို့ကို ဂရုစိုက်တော်မမူ။
သင်တို့ရွေးချယ်လိုက်သောရှင်ဘုရင်ကြောင့် ထိုနေ့၌ သင်တို့အော်ဟစ်ရလိမ့်မည်။ သို့သော် ထိုနေ့၌ ထာဝရဘုရားသည် သင်တို့ကို လှည့်ကြည့်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။