ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
ဝတ်ပြု 8:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ Common Language Bible ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။- Garrad Bible မော ရှေ သည် ဘိ သိက် ဆီ ကို ယူ ပြီး လျှင် တဲ တော် နှင့် တ ကွ အ တွင်း ရှိ သ မျှ ကို သွန်း လျက် သီး သန့် စေ ခြင်း၊ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှကိုလိမ်းသဖြင့် သန့်ရှင်းစေ၏။ |
ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး