ဝတ်ပြု 7:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုယာဘက်ပေါင်သည် မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီကိုပူဇော်ပေးသော အာရုန်၏သားအတွက် ဝေစုဖြစ်၏။ Garrad Bible လက်ျာ ပေါင် သည် အာ ရုန့် သား စဉ် မြေး ဆက် တို့ အ နက် မိတ် သ ဟာ ယ သ က္ကာ၏ အ သွေး နှင့် ဆီ ဥ ကို ဆက် ကပ် သူ၏ ပိုင် စု ဖြစ် သ တည်း။ Judson Bible မိတ်သဟာယယဇ်အသွေးနှင့် ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ယာပခုံးကို မိမိအဖို့ယူရမည်။ |
အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။