ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။
ဝတ်ပြု 7:19 - မြန်မာ့စံမီသမ္မာကျမ်း မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။ Common Language Bible ဘာသာရေးထုံးနည်းအရမစင်ကြယ်သော အရာတစ်စုံတစ်ခုနှင့် ထိမိသောအသား ကိုမစားရ။ ၎င်းကိုမီးရှို့ပစ်ရမည်။ ဘာသာရေးထုံးနည်းအရသန့်ရှင်းသောသူ သည် မိတ်သဟာယယဇ်ကောင်၏အသားကို စားနိုင်သည်။- Garrad Bible မ သန့် ရာ နှင့် ထိ မိ သော အ သား ကို မ စား အပ်။ မီး ကျွမ်း စေ ရ မည်။ အ ကြင် သူ သည် ထာ ဝ ရ ဘု ရား ပိုင် ရာ တော် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို မ သန့် ဘဲ လျက် စား အံ့။ ထို သူ သည် အ မျိုး မှ ပယ် ရှား ခံ ရ မည်။ သန့် သော သူ တိုင်း ကား စား ခွင့် ရှိ ၏။ Judson Bible မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကိုစားရကြမည်။ |
ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
တစ်စုံတစ်ဦးသည် မိမိကိုယ်ပေါ်၌ အညစ်အကြေးရှိလျက်နှင့် ထာဝရဘုရားအား ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။
ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ၊ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
စင်ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် စင်ကြယ်ကြ၏။ သို့သော် ညစ်ညူး၍ ယုံကြည်ခြင်းမရှိသောသူတို့အတွက်မူကား မည်သည့်အရာမျှ မစင်ကြယ်သည်သာမက သူတို့၏စိတ်နှလုံးနှင့်အသိစိတ်တို့သည်လည်း ညစ်ညူးကြ၏။