အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
ဝတ်ပြု 6:30 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။ Common Language Bible သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။ Garrad Bible အ ကြင် အ သွေး ကို သန့် ရှင်း ရာ ဌာ န၌ အ ပြစ် ဖြေ ခြင်း ပြု ရန် တွေ့ ဆုံ ရာ တဲ တော် အ တွင်း ဆောင် သွင်း အံ့။ ထို အ သွေး ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ တိုင်း မီး ဖြင့် ကျွမ်း လောင် စေ။ မ စား ရ။ Judson Bible အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။ |
အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
ယဇ်ကောင်၏သွေးကိုလည်း သန့်ရှင်းရာဌာနတော်အတွင်းသို့ မယူဆောင်ခဲ့ကြပါတကား။ အကယ်စင်စစ် သင်တို့သည် ငါမှာကြားထားသည့်အတိုင်း ယဇ်ကောင်၏အသားကို သန့်ရှင်းရာဌာနတော်၌ စားရမည်”ဟု ဆိုလေ၏။
ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။
အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်တို့၏သွေးကို အပြစ်ဖြေရာယဇ်အဖြစ် သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားသော်လည်း ယဇ်ကောင်တို့၏ကိုယ်မူကား စခန်းအပြင်၌မီးရှို့ရ၏။