တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
ဝတ်ပြု 6:19 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား Common Language Bible ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။- Garrad Bible တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဘိ သိက် ခံ သော နေ့ ရက် မှ စ၍ အာ ရုန့် နှင် သား စဉ် မြေး ဆက် တို့ သည် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ရ သော အ လှူ ဒါ န ဟူ မူ ကား၊ မုန့် ညက် တစ် စ ရွတ် ကို နံ နက် ထက် ဝက်၊ ညဉ့် ဦး ထက် ဝက်၊ ဘော ဇဉ် သ က္ကာ အ ဖြစ် ဖြင့် နေ့ စဉ် မ ပြတ် ဆက် ကပ် ကြ စေ။ Judson Bible တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ |
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ယဇ်ကောင်၏သွေးကိုလည်း သန့်ရှင်းရာဌာနတော်အတွင်းသို့ မယူဆောင်ခဲ့ကြပါတကား။ အကယ်စင်စစ် သင်တို့သည် ငါမှာကြားထားသည့်အတိုင်း ယဇ်ကောင်၏အသားကို သန့်ရှင်းရာဌာနတော်၌ စားရမည်”ဟု ဆိုလေ၏။
၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။
“အာရုန်နှင့်သူ၏သားတို့သည် ဘိသိက်ခံသောနေ့၌ ထာဝရဘုရားအားပူဇော်ရမည့် ပူဇော်သက္ကာမှာ ဤသို့ဖြစ်၏။ အကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာအဖြစ် နံနက်အချိန်၌တစ်ဝက်၊ နေဝင်ချိန်၌တစ်ဝက် ပူဇော်ရမည်။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။
သင်တို့၏အလှူပစ္စည်းကို ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူမည်။
ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။