ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဝတ်ပြု 5:3 - မြန်မာ့စံမီသမ္မာကျမ်း သူသည် လူ၏အညစ်အကြေးဖြစ်သည့် လူကိုမစင်ကြယ်စေသော အညစ်အကြေးတစ်စုံတစ်ရာအား ထိမိသည်ကို သတိမမူမိဘဲနေ၍ နောက်မှထိမိသည်ကို သိလာလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်မည်။ Common Language Bible တစ်စုံတစ်ယောက်သောသူသည် လူ့ကိုယ်ခန္ဓာ၏ အညစ်အကြေးတစ်မျိုးမျိုးကို အမှတ်မထင် ထိကိုင်မိလျှင် ထိကိုင်မိကြောင်းသိလျှင်သိ ချင်း သူသည်အပြစ်ကူးလွန်ရာရောက်သည်။ Garrad Bible သိ သော အ ခါ အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊ Judson Bible လူ၌ကပ်သော မစင်ကြယ်သော အရာတစ်စုံတစ်ခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တစ်ဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်လည်းကောင်း၊ |
ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။
တစ်စုံတစ်ယောက်သည် ဆိုးညစ်သောအမှုကိုပြုမည်၊ ကောင်းသောအမှုကိုပြုမည်ဟူ၍ နှုတ်ဖြင့်မဆင်မခြင်ကျိန်ဆိုပြီး ထိုမဆင်မခြင်ကျိန်ဆိုသောအရာကို သူသည် သတိမမူမိဘဲနေ၍ နောက်မှ ထိုအရာကို သိလာလျှင်လည်း ထိုကျိန်ဆိုသောအရာတစ်စုံတစ်ခုကြောင့် သူ့အပေါ် အပြစ်သက်ရောက်မည်။
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
မစင်ကြယ်သောသူ ထိမိသောအရာမှန်သမျှသည် မစင်မကြယ်ဖြစ်၏။ ထိုအရာတို့ကို ထိမိသောသူသည်လည်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏”ဟု မိန့်တော်မူ၏။