အသက်ငါးနှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် နှစ်ဆယ်ရှယ်ကယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
ဝတ်ပြု 27:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်လသားအရွယ်မှ ငါးနှစ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် ငွေငါးရှယ်ကယ်၊ မိန်းမဖြစ်လျှင် ငွေသုံးရှယ်ကယ်ဖြစ်ရမည်။ Garrad Bible တစ် လ က ငါး နှစ် ထိ သူ ငယ် ကို ငွေ ငါး ကျပ်၊ သူ ငယ် မ ကို ငွေ သုံး ကျပ် ပြတ် လော့။ Judson Bible အသက်တစ်လမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဖိုးဖြတ်ရမည်။ |
အသက်ငါးနှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် နှစ်ဆယ်ရှယ်ကယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
အသက်ခြောက်ဆယ်အရွယ်နှင့်အထက်ဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် တစ်ဆယ့်ငါးရှယ်ကယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ်တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။)