ဝတ်ပြု 27:24 - မြန်မာ့စံမီသမ္မာကျမ်း မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။ Common Language Bible ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။ Garrad Bible မင်္ဂ လာ နှစ် တိုင် သော် ရောင်း ခဲ့ သူ ဘိုး ဘ ပိုင် မြေ ရှင် ထံ လယ် ယာ ပြန် ရောက် စေ။ Judson Bible ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။ |
သူသည် ပြန်ပေးရန် ငွေအလုံအလောက်မရှိလျှင် သူရောင်းထားသောမြေသည် မင်္ဂလာရတုနှစ်အထိ ဝယ်သူ၏လက်ထဲ၌ ရှိနေရမည်။ မင်္ဂလာရတုနှစ်၌ သူသည် မြေကိုပြန်ရသဖြင့် သူသည်မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
သို့သော် ထိုလယ်ယာကို မရွေးနုတ်လျှင်ဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ရောင်းလျှင်ဖြစ်စေ သူသည် ထိုလယ်ယာကို ရွေးနုတ်ခွင့်မရှိတော့ချေ။
သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ယဇ်ပုရောဟိတ်သည် မင်္ဂလာရတုနှစ်အထိ သူ့ကို တွက်ပေးရမည်။ သူသည် ထိုနေ့၌ပင် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာအဖြစ် သင်ဖြတ်ထားသောတန်ဖိုးကို ပေးရမည်။
သင်ဖြတ်သည့်တန်ဖိုးဟူသမျှသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ဖြစ်ရမည်။ တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်ဖြစ်ရမည်။