မိမိလယ်ယာကို ဆက်ကပ်သောသူသည် ထိုလယ်ယာကို ပြန်ရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ လယ်ယာသည် သူ့အပိုင်ဖြစ်လိမ့်မည်။
ဝတ်ပြု 27:20 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုလယ်ယာကို မရွေးနုတ်လျှင်ဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ရောင်းလျှင်ဖြစ်စေ သူသည် ထိုလယ်ယာကို ရွေးနုတ်ခွင့်မရှိတော့ချေ။ Common Language Bible သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။- Garrad Bible ရွေး နုတ် မည် မ ပြု သော် လည်း ကောင်း၊ သူ တ ပါး အား ရောင်း သော် လည်း ကောင်း နောက် နောင် ရွေး နုတ် ခွင့် မ ရှိ ချေ။ Judson Bible သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တစ်ဖန် မရွေးရ။ |
မိမိလယ်ယာကို ဆက်ကပ်သောသူသည် ထိုလယ်ယာကို ပြန်ရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ လယ်ယာသည် သူ့အပိုင်ဖြစ်လိမ့်မည်။
မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။
မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။