အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 25:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခြောက်​နှစ်​ပတ်လုံး သင်​၏​လယ်ယာ​၌ မျိုးကြဲ​ရ​မည်​။ ခြောက်​နှစ်​ပတ်လုံး သင်​၏​စပျစ်ခြံ​ကို ရှင်းလင်းပြုစု​ရ​မည်​။ ပြီးမှ အသီးအနှံ​ကို​စုသိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခြောက် နှစ် အ တွင်း လယ်၌ မျိုး ကြဲ ခြင်း၊ စ ပျစ် ခြံ၌ သုတ် သင် ခြင်း၊ မြေ ထွက် သို ထား ခြင်း များ ကို ပြု ရ သော် လည်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်​လျက် စ​ပျစ်​ဥ​ယျာဉ်​ကို​သုတ်​သင်၍ အ​သီး​ကို​သိမ်း​လျက်​နေ​ရ​မည်။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 25:3
3 ပူးပေါင်းရင်းမြစ်များ  

ခြောက်​နှစ်​ပတ်လုံး သင်​၏​မြေ​၌ မျိုးကြဲ​၍ အသီးအနှံ​ကို စုသိမ်း​ရ​မည်​။


သတ္တမ​နှစ်​၌​ကား ထို​မြေ​ကို မထွန်ယက်​ဘဲ အလွတ်​ထား​ရ​မည်​။ သို့ပြုလျှင် သင့်​အမျိုးသား​ထဲမှ နွမ်းပါး​သူ​တို့ စား​ရ​ကြ​လိမ့်မည်​။ အကြွင်းအကျန်​တို့​ကို​လည်း တောရိုင်းတိရစ္ဆာန်​တို့ စား​ရ​ကြ​လိမ့်မည်​။ သင်​၏​စပျစ်ခြံ​၊ သံလွင်ခြံ​တို့​ကို​လည်း ထို့အတူ​ပြု​ရ​မည်​။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​သောအခါ ထို​ပြည်​သည် ထာဝရဘုရား​အဖို့ ဥပုသ်​စောင့်​ရ​မည်​။