တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
ဝတ်ပြု 24:20 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်ကို အနာတရဖြစ်စေသောသူသည် အရိုးချိုးသည့်အတွက်အရိုးချိုးခြင်း၊ မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား မိမိပြုသည့်အတိုင်း ပြန်ခံရမည်။ Common Language Bible သူတစ်ပါး၏အရိုးကိုချိုးသောသူသည် ကိုယ်တိုင်လည်းအရိုးချိုးခြင်းခံရမည်။ သူ တစ်ပါး၏မျက်လုံးကိုထိုးဖောက်သောသူ သည်ကိုယ်တိုင်မျက်လုံးဖောက်ခြင်းခံရမည်။ သူတစ်ပါး၏သွားကိုချိုးသောသူသည် ကိုယ်တိုင်လည်းသွားချိုးခြင်းခံရမည်။ သူ တစ်ပါးအားထိခိုက်နာကျင်စေသည့်ပမာ ဏအတိုင်းကိုယ်တိုင်ခံရမည်။- Judson Bible အရိုးကိုချိုးသည်အတွက် အရိုးချိုးခြင်းကိုလည်းကောင်း၊ မျက်စိကိုဖျက်သည်အတွက်၊ မျက်စိဖျက်ခြင်းကိုလည်းကောင်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင်စွာခံရမည်။ |
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။