အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 23:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ထို​နေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခြောက် ရက် အ တွင်း လုပ် ဆောင် ရ သော် လည်း သ တ္တ မ နေ့ သည် ဓ မ္မ စည်း ဝေး ရာ၊ နား နေ ရာ ဥ ပုသ် နေ့ ဖြစ် သ ဖြင့် အ မှု အ ရေး မည် သည် ကို မျှ မ လုပ် မ ဆောင် ကြ ရ။ သင် တို့ နေ ရာ အ ရပ် ရပ်၌ ထာ ဝ ရ ဘု ရား ရှေ့ ဥ ပုသ် နေ့ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 23:3
17 ပူးပေါင်းရင်းမြစ်များ  

မောရှေ​က​လည်း “​ဤ​အရာ​ကား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ဖြစ်​၏​။ မနက်ဖြန်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​ဥပုသ်နေ့​ဖြစ်​၏​။ ထို​မုန့်​ကို သင်​တို့​ဖုတ်​လို​လျှင် ဖုတ်​လော့​။ ပြုတ်​လို​လျှင် ပြုတ်​လော့​။ ပို​သမျှ​ကို သင်​တို့​အတွက် ချန်ထား​ပြီး နံနက်​တိုင်အောင်​သိမ်း​ထား​လော့​”​ဟု သူ​တို့​အား​ဆို​၏​။


ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။


သို့ဖြစ်၍ လူ​တို့​သည် သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​၏​။


ခြောက်​ရက်​ပတ်လုံး သင်​၏​အလုပ်​တို့​ကို​လုပ်​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ သို့ပြုလျှင် သင်​၏​နွား​၊ မြည်း​တို့​သည် နား​ရ​၍ သင့်​ကျွန်မ​၏​သား​နှင့်​တိုင်းတစ်ပါးသား​တို့​သည်​လည်း အနားယူခွင့်​ရ​ကြ​လိမ့်မည်​။


ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ ထွန်ယက်​ချိန်​ဖြစ်စေ​၊ ရိတ်သိမ်း​ချိန်​ဖြစ်စေ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။


ထိုသို့​ပြု​သော​သူ​၊ ထို​အရာ​ကို​ဆုပ်ကိုင်​ထား​သော​လူသား​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေ​ဘဲ စောင့်ထိန်း​သော​သူ​၊ မည်သည့်​မကောင်းမှု​ကို​မျှ​မ​ပြု​မိ​စေရန် မိမိ​လက်​ကို​ချုပ်တည်း​သော​သူ​သည် မင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ နာမ​တော်​ကို​ချစ်မြတ်နိုး​သော​ကိုယ်တော်​၏​အစေအပါး​ဖြစ်​ရန် ထာဝရဘုရား​၌​မှီဝဲဆည်းကပ်​သော တိုင်းတစ်ပါးသား​တို့​ကို​လည်းကောင်း​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေရန် စောင့်ထိန်း​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း


ငါ​၏​သန့်ရှင်း​ရာ​နေ့​၌ မိမိ​အလို​သို့​မ​လိုက်​ဘဲ ဥပုသ်နေ့​ကို​စောင့်ထိန်း​လျှင်​၊ ဥပုသ်နေ့​ကို ပျော်မွေ့​ရာ​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​နေ့​ကို ရိုသေ​ဖွယ်​ရာ​နေ့​ဟု​ခေါ်​လျှင်​၊ ကိုယ့်​လမ်း​သို့​မ​လိုက်​၊ ကိုယ့်​အလို​အတိုင်း​မ​ပြု​၊ ကိုယ့်​အလို​အတိုင်း​မ​ပြော​ဘဲ ထို​နေ့​ကို​ရိုသေ​လျှင်


လူ​တိုင်း ကိုယ့်​မိဘ​ကို ရိုသေ​ရ​မည်​။ ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။


ထို့နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီမွှေး​နှင့်​အမွှေးနံ့သာ​တို့​ကို ပြင်ဆင်​ကြ​၏။ ဥပုသ်နေ့​၌​ကား ပညတ်​တော်​အတိုင်း အနားယူ​ကြ​၏။


အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။


သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။