သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ဝတ်ပြု 23:12 - မြန်မာ့စံမီသမ္မာကျမ်း သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ Common Language Bible ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။- Garrad Bible ကောက် လှိုင်း ကို ဦး တိုက် သော နေ့ ချင်း ပင် ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် ကို မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဖြင့် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ကြ လော့။ Judson Bible ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ |
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
သင်တို့ကို လက်ခံမည့်အကြောင်း ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ဥပုသ်နေ့လွန်ပြီးနောက်တစ်နေ့၌ ချီလွှဲရမည်။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။