ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ဝတ်ပြု 20:4 - မြန်မာ့စံမီသမ္မာကျမ်း မိမိသားမြေးကို မောလုတ်ဘုရားအား ပေးလှူသောသူကို ပြည်သူပြည်သားတို့သည် မျက်ကွယ်ပြု၍ သူ့ကို မသတ်ဘဲနေလျှင် Common Language Bible အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊- Garrad Bible အ ကယ်၍ မော လုတ် နတ် အား အပ် နှင်း သော အ ခါ ပြည် သား တို့ သေ ဒဏ် မ ပေး ဘဲ မျက် နှာ လွှဲ ကြ လျှင်၊ Judson Bible မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ပြည်သားတို့သည် အမှုမထား၊ မသတ်ဘဲနေလျှင်၊ |
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
ငါသည် ထိုသူနှင့် သူ၏မျိုးနွယ်စုကို မျက်နှာလွှဲပြီး ထိုသူနှင့်တကွ သူ၏နောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူများဖြစ်သည့် မောလုတ်ဘုရားနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူအပေါင်းတို့ကို သူတို့၏လူမျိုးမှ ငါပယ်ဖျက်မည်။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
သင်သည် ထိုသူကို မလိုက်လျောရ။ နားမထောင်ရ။ မသနားရ။ မညှာတာရ။ အကာအကွယ်မပေးရ။
အစ္စရေးအမျိုးသားတို့သည် ကျိန်ခြင်းခံရသောသူများဖြစ်သွားသောကြောင့် ရန်သူတို့ကို မရင်ဆိုင်နိုင်ကြ။ သူတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရ၏။ ကျိန်ခြင်းခံရသောအရာကို သင်တို့ထံမှမဖယ်ရှားလျှင် ငါသည် သင်တို့နှင့်အတူ နေတော့မည်မဟုတ်။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။