အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
ဝတ်ပြု 2:13 - မြန်မာ့စံမီသမ္မာကျမ်း ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ Common Language Bible ဆားသည်သင်တို့နှင့်ဘုရားသခင်ပြုထား သောပဋိညာဉ်ကိုပုံဆောင်သောကြောင့် ဘော ဇဉ်သကာဟူသမျှတွင်ဆားခတ်ရမည်။ (သင်တို့ဆက်ကပ်သောပူဇော်သကာရှိသမျှ တို့တွင်ဆားခတ်ရမည်။-) Garrad Bible ဘော ဇဉ် သ က္ကာ အ လှူ ဒါ န ဟူ သ မျှ ၌ ဆား ခတ်၍ သင့် ဘု ရား သ ခင် ဖွဲ့ တော် မူ သော ပ ဋိ ညာဉ် ဆိုင် ရာ ဆား ကို မ လစ် လပ် ရ။ ဆက် ကပ် သော အ လှူ ဒါ န ရှိ သ မျှ ၌ ဆား ခတ် ရ မည်။ Judson Bible ဘောဇဉ်ပူဇော်သကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ်ပူဇော်သကာ၌၊ သင်၏ဘုရားသခင်ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။ |
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
ငွေတာလန် တစ်ရာ၊ ဂျုံကောရ တစ်ရာ၊ စပျစ်ဝိုင် ဗတ်တစ်ရာ၊ ဆီ ဗတ်တစ်ရာ၊ ဆားအလိုရှိသမျှတို့ကို ဖြည့်ဆည်းပေးရမည်။
၎င်းတို့ကို အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာပေါင်းဖော်စပ်၍ သန့်ရှင်းစင်ကြယ်အောင် ဆားခတ်ရမည်။
ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။