မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
ဝတ်ပြု 14:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတတ်နိုင်သည့်ထဲမှ တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်အတူ ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ Common Language Bible အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။- Judson Bible အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်ပူဇော်လျက်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။ |
မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူတတ်နိုင်သည့်ထဲမှ ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင် တစ်မျိုးမျိုးကို ပူဇော်ရမည်။
ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။