အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 14:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပုရောဟိတ်​သည် မီးရှို့ရာယဇ်​နှင့်​ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​ရ​မည်​။ ဤသို့ ယဇ်ပုရောဟိတ်​သည် ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် စင်ကြယ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ပ လ္လင် တော် ပေါ် တွင် ဘော ဇဉ် သ က္ကာ နှင့် တ ကွ ပူ ဇော် ရာ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သ ဖြင့် သန့် ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​သ​ဖြင့် ထို​လူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သူ​သည်​သန့်​ရှင်း​ရ၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 14:20
4 ပူးပေါင်းရင်းမြစ်များ  

ရှစ်​ရက်​မြောက်​သော​နေ့​၌ အပြစ်အနာအဆာကင်း​သော​သိုးသငယ်​အထီး​နှစ်​ကောင်​၊ အပြစ်အနာအဆာကင်း​သော​တစ်နှစ်သားအရွယ်​သိုးသငယ်အမ​တစ်​ကောင်​၊ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​နှင့် ဆီ​တစ်​လောဃ​ကို ယူဆောင်​လာ​ရ​မည်​။


စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ မိမိ​အမွေး​ရှိသမျှ​ကို​ရိတ်​ပြီး ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​၍ တပ်စခန်း​ထဲသို့​ဝင်​ခွင့်​ရှိ​မည်​။ သို့သော် သူ​သည် မိမိ​တဲ​၏​အပြင်ဘက်​၌ ခုနစ်​ရက်​နေ​ရ​မည်​။


ခုနစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် မိမိ​အမွေး​ရှိသမျှ​ကို​ရိတ်​ရ​မည်​။ မိမိ​၏​ဆံပင်​၊ မုတ်ဆိတ်မွေး​နှင့် မျက်ခုံးမွေး​တို့​မှစ၍ အမွေး​ရှိသမျှ​တို့​ကို ရိတ်​ရ​မည်​။ မိမိ​အဝတ်​ကို​လျှော်​ပြီး ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။


ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။